ပါမောက္ခချုပ်ရုံးခန်း

Dr. Zaw Win Aung (Ph.D (IT))

Rector(Acting)

နည်းပညာတက္ကသိုလ်(ဗန်းမော်) မှ လှိုက်လှဲစွာကြိုဆိုပါတယ်။

နည်းပညာတက္ကသိုလ်(ဗန်းမော်)အား အောက်ဖော်ပြပါ ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်သင်ကြား ပို့ချလျက်ရှိ ပါသည်-

(က)     သိပ္ပံနှင့်နည်းပညာများထူးချွန်ပြီး၊ ဘက်စုံဖွံ့ဖြိုးတိုးတက်သော အင်ဂျင်နီယာ ပညာရှင်များ ပေါ်ပေါက်ရန်၊

(ခ)       ကချင်ပြည်နယ်အတွင်း ခေတ်မီဖွံ့ဖြိုးတိုးတက်သော အင်ဂျင်နီယာပညာရပ်များကို ကဏ္ဍ အသီးသီးတွင် လက်တွေ့ကျကျ အကျိုးရှိရှိ အသုံးပြုနိုင်ရန်၊

(ဂ)       ကချင်ပြည်နယ်အတွင်းရှိဒေသခံလူငယ်များအတွင်း အင်ဂျင်နီယာပညာနှင့် သိပ္ပံပညာရပ် များ ပိုမိုစိတ်ဝင်စားမှု၊ လေ့လာလိုမှုများ ပြန့်ပွားပြီး မိမိတို့ဒေသ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး အတွက် ဖော်ဆောင်နိုင်ရန်၊

နည်းပညာတက္ကသိုလ်(ဗန်းမော်)တွင် ခေတ်မီစက်ကိရိယာများ အများအပြားရှိပါသည်။ တက္ကသိုလ်၏အဆောက်အဦးများအတွင်း၌  ခေတ်မီစာသင်ခန်းများ၊ အကောင်းဆုံးစက်ပစ္စည်းများ တပ်ဆင်ထားသော လက်တွေ့ခန်းများ၊ ခေတ်မီစာကြည့်တိုက်များ ရှိပါသည်။ သင်ကြားခြင်း၊ သင်ယူခြင်း၊ သုတေသနပြုခြင်းနှင့် စီမံခန့်ခွဲခြင်းလုပ်ငန်းစဉ်တွင် အထောက်အကူဖြစ်စေရန်အတွက် တက္ကသိုလ်သည် ဆရာ/မများ၊ ကျောင်းသားများနှင့် ၀န်ထမ်းများအတွက် အခမဲ့အင်တာနက်၀န်ဆောင်မှုများကို (၂၄)နာရီပတ်လုံး ထောက်ပံ့ပေးထားပါသည်။ ကျောင်းသားများအတွက် အားကစားကွင်းများ၊ သက်သောင့်သက်သာရှိသောစားသောက်ဆိုင်များ၊ ကျောင်းသူ/ကျောင်းသားအိပ်ဆောင်များကို တက္ကသိုလ်မှ ဖြည့်ဆည်းပေးထားပါသည်။ တက္ကသိုလ်သည် ကျောင်းသားများအတွက် သင်ကြားသင်ယူမှုပတ်ဝန်းကျင်ကောင်းအား ဖန်တီးပေးထားပါသည်။ နည်းပညာတက္ကသိုလ် (ဗန်းမော်) သည် အင်ဂျင်နီယာဘွဲ့ကြိုပညာရေးနှင့် လေ့ကျင့်ရေးဝန်ဆောင်မှုများကို အကောင်းဆုံးဆောက်ရွက်ပေးလျှက်ရှိပါသည်။ လက်ရှိတွင် နည်းပညာတက္ကသိုလ်(ဗန်းမော်) သည် မြို့ပြအင်ဂျင်နီယာဘာသာရပ်၊ လျှပ်စစ်စွမ်းအား အင်ဂျင်နီယာဘာသာရပ်၊ အီလက်ထရောနစ်အင်ဂျင်နီယာဘာသာရပ်နှင့် စက်မှုအင်ဂျင်နီယာ ဘာသာရပ် များကိုဖွင့်လှစ်ပို့ချပေးလျှက်ရှိပါသည်။ နည်းပညာတက္ကသိုလ် (ဗန်းမော်) သည် တက္ကသိုလ်၏မျော်မှန်းချက်၊ တက္ကသိုလ်၏လုပ်ငန်းတာဝန်နှင့် တက္ကသိုလ်၏မဟာဗျူဟာ စီမံကိန်းများ ချမှတ်ဆောင်ရွက်ပြီး “ယခုဆန်းသစ်တီထွင်မှုမှသည် အနာဂတ်တီထွင်ဖန်တီးမှုဆီသို့” ဟူသော  တက္ကသိုလ်၏ဆောင်ပုဒ်နှင့်အညီ အရည်အချင်းပြည့်ဝပြီး ဖန်တီးနိုင်စွမ်းရှိသော အင်ဂျင်နီယာများကိုပြုစုမွေးထုတ်ပေးလျှက် ရှိပါသည်။