မျှော်မှန်းချက်(Vision)
နိုင်ငံတော်တည်ဆောက်ရာတွင် လိုအပ်သော အရည်အသွေးပြည့်ဝသည့်အင်ဂျင်နီယာပညာရှင်များကို မွေးထုတ်ပေးနိုင်သည့် နိုင်ငံတကာအသိအမှတ်ပြု နည်းပညာတက္ကသိုလ်တစ်ခု ဖြစ်လာစေရန်။
ခံယူချက်(Mission)
လူမှုပတ်ဝန်းကျင် အကျိုးအတွက် ဆောင်ရွက်ရန် ဆန္ဒရှိပြီး ဆောင်ရွက်နိုင်စွမ်းလဲရှိသော ပညာရှင် ကျင့်ဝတ်ကို ကောင်းစွာနားလည်သဘောပေါက်ပြီး လိုက်နာကျင့်သုံးသော အရည်အချင်းမြှင့် အင်ဂျင်နီယာ ပညာရှင်များ ပြုစုပျိုးထောင်ရန်နှင့် လူ့အဖွဲ့အစည်း၏ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ကျဉ်းပေးနိုင်သော ပညာရေးဝန်းကျင်ကောင်းများအဖြစ် ဖန်တီးဆောင်ရွက်ရန်။
အရည်အသွေးမျှော်မှန်းချက်များ (Quality Objectives)
နည်းပညာတက္ကသိုလ်(ဗန်းမော်)၏ အုပ်ချုပ်မှုအဆောက်အဦများ စာသင်ဆောင်နှင့် လက်တွေ့ဆောင် များ ၀န်ထမ်းအိမ်ရာများ ရာနှုန်းပြည့်လုံခြုံမှုရှိရေး။
စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းရေးလုပ်ငန်းများကို တက္ကသိုလ် အင်္ဂါရပ်နှင့်အညီ ဥပဓိရုပ် ကောင်းမွန်ပြီး သန့်ရှင်းသာယာလှပရေးအတွက် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွင်း ၈၅% ရသည်အထိ ဆောင်ရွက်ရေး။